ပထမအဆင့်အနေနဲ့ အသံကိုနားထောင်ပါ။
ကွန်ပျူတာ casing မှုာ မီးလင်းပြီး တီ.....တီ.....တီ......ဆိုပြီးသံရှည်ဆွဲအော်နေရင်။
၁။Casing ကိုဖွင့်ပါ။
၂။memory ကိုဖြုတ်ပြီးဖုန်သုတ်။သေချာပြန်စိုက်ပါ။
၃။အဲ့ဒါမှတက်မလာရင် memory ပျက်ဖို့သေချာနေပါပြီ။အသစ်လဲရပါမယ်။warranty ရှိရင်ဆိုင်ပြန်ပို့ရပါမယ်။
အဲဒီလိုအသံတောင်မထွက်ရင် ပါဝါဆပ်ပလိုင်းရဲ့ ပန်ကာကိုကြည့်ပါ လည်နေသေးရင်
Mother Board က ပါဝါကိုလက်ခံတယ်လို့ယူဆရပါမယ်။ သေသေချာချာကြည့်ပါ။
ပါဝါဖွင့်စ ပန်ကာ ခနလေးလှုပ်ရုံလှုပ်သွားတယ်ဆိုရင် မားသားဘုတ်က
ပါဝါကိုလက်မခံပါဘူး Power On Self Test POST မအောင်မြင်လို့ ပါဝါ good
signal ပြန်မလာလို့ ပါဝါဆပ်ပလိုင်းက ပြန်ပိတ်သွားတာပါ။
ဒါဆိုရင် Motherboardကိုတပ်ထားတဲ့Power Supplyကကြိုးကိုအရင်ဖြုတ်ပြစ်ပါ။
Power Supplyကိုဘဲ Power ပေးပါ။ ပါဝါဆပ်ပလိုင်းရဲ့ socket မှာ power ON
signal ကို short လုပ်ပြီး ပါဝါဆပ်လိုင်းကို ဖွင့်ပါ။
ကောင်းမကောင်းစမ်းသပ်လို့ရပါတယ်။ မီတာရှိရင် ထောက်ပြီး
ပါဝါတွေမှန်မမှန်တိုင်းလို့ရပါတယ်။
Power Supplyကကောင်းနေသေးရင် မာသားဘုတ်ကို သန့်ရှင်းရေးလုပ်ပေးပါ။ ဖုန်ရျင်းပေးပါ။ အပိုစိုက်ထားတဲ့ကဒါတွေအကုန်ဖြုတ်ပြစ်ပါ။
Memory ကို ဖြုတ်ပြီးပြန်တပ်ပါ။
မားသာဘုတ်မှာ Memory, Speaker from casing နဲ့ keyboard ဘဲ တပ်ပြီး
ပါဝါပြန်ပေးကြည့်ပါ။ အသံပြန်ကြားရတယ်ဆိုရင် နဲနဲအခြေအနေကောင်းလာပါပြီ။
အသံတိုရှည်ကုဒ်ကိုနာထောင်ပြီး ဘာပြသနာလဲဆိုတာကိုရှာနိုင်ပါတယ်။
အသံမှမထွက် ပန်ကာလည်းမလည်ရင်တော့ မားသာဘုတ် ဂန့်သွားပြီလို့ယူဆနိုင်ပါတယ်။
၃။Bios check screen တက်လာပြီး Windows တက်မလာရင်
၁။Hard disk ကြိုးတွေကိုသေချာစွာတပ်ထားခြင်းရှိမရှိစစ်ဆေးပါ။
၂။ပေါ်လာသော massage ကိုသေချာဖတ်ပါ။system files များပျောက်နေပါက system နားလည်သူတစ်ယောက်နှင်တိုင်ပင်ပြီး
ပျက်သွားသော system files များကိုပြန်ထည့်ပါ။
၃။Hard Disk ကို bios ထဲတွင်ရှာတွေ့မတွေ့ စစ်ဆေးပါ။
၎။ရှာမတွေ့ပါက Hard disk (သို့)ကြိုး မကောင်းခြင်း(သို့)ပျက်ခြင်းဖြစ်နိုင်ပါသည်။
No comments:
Post a Comment