ဒီမှာရှာပါ

မူလစာမျက်နှာ ဆော့ဖွဲများ နည်းပညာများ က

Saturday 29 October 2011

gtalk တွင် Group Chat လုပ်နည်းလေးပါ

မသိသေးသော သူများအတွက်သာ

gtalk မှာ Group chat လုပ်တော့မယ် ဆိုရင် အရင်ဆုံး gtalk ကိုဖွင့်ထားဖို့တော့လိုပါလိမ့်မယ်။လုပ်နည်းလေးကတော့ တော်တော်   လေးကိုလွယ်ပါ တယ်ဗျာ။ အရင်ဆုံးကို့ group ကိုပေးမယ့်နာမည် လေးကို အရင်စဉ်းစားထားကြပေါ့ဗျာ။ စဉ်းစားပြီးသွားရင်တော့  roomname@partychapp.appspotchat.com         ဆိုပြီး ကို့ သူငယ်ချင်းများကို invite လုပ်သလိုမျိုးလုပ်ရမှာ ဖြစ်ပါတယ်။ 


ဥပမာ။    ။ loveကစားကွင်း@partychapp.appspotchat.com ဆိုပြီး add လုပ်လိုက်တာပါ။ နောက်ပြီး သင့်ရဲ့ gtalk အကောင့်ထဲမှာလဲ သင်ပေးထားတဲ့ နာမည် နဲ့ အကောင့်တစ်ခုတတ်လာမှာဖြစ်ပါတယ်။  ဒါဆို နောက်လုပ်ရမဲ့ဟာ က ကို့ group chat ထဲကို သူငယ်ချင်းတွေ ဖိတ်ဖို့ဘဲ ကျန်ပါတော့တယ်။ သင့် ပြုလုပ်ထားတဲ့ group chat ကို click  နှိပ်ပြီး /invite ဆိုပြီး space တစ်ချက်ခြားရပါမယ်။ မခြားလို့တော့မရပါဘူး ဗျာ။ နောက်ပြီး အရှေ့ဆုံးမှာ “/” လေးက ပါကိုပါရမှာပါ ။ အဲဒါတွေမပါရင် ကိုရိုက်လိုက်တဲ့ command တွေက အလုပ်လုပ်မှာမဟုတ်ပါဘူး။ ကဲ commant တွေစရိုက်ကြည့်ကြမယ် ဗျာ။အရင်ဆုံး သူငယ်ချင်းတွေကို အရင် Invite လုပ်ကြမယ်။ အဲဒါဆိုရင် /invite lifeserviceboy@gmail.com အဲလိုရိုက်လိုက်ရင် ရပါပြီ ဗျာ။ နောက်ပြီး ကို့ group chat ထဲမှာ ဘယ်သူတွေကို invite လုပ်ထားပြီး ဘယ်သူတွေကတော့ ၀င်ပြောနေပြီ ကိုသိချင်ရင်တော့ /list လို့ ရိုက်ရမှာပါ။ နာမည်တွေကို ပြောင်းလဲချင်ရင်တော့ /alias yourname လို့ ရိုက်ရမှာပါ။ ဥပမာ။   ။ /alias htwelay ဆိုပြီးရိုက်ရမှာပါ။ ဒီတစ်ခုကတော့ အရမ်းကိုအရေးကြီးပါတယ်။ group chat admin တစ်ယောက်အတွက်မသုံးမဖြစ်သုံးရမယ့်  command လေးပါ။ အဲဒါကတော့ invite လုပ်ထားတဲ့ သူငယ်ချင်းတွေကို မကြိုက်တော့ဘူးဆိုရင် group chat ထဲကနေ ထုတ်ပယ် တဲ့ command လေးပါ။ /kick lifeserviceboy@gmail.com လို့ရိုက်လိုက်ရင် lifeserviceboy ဟာ group chat ထဲမှာ ၀င်ပြောပိုင်ခွင့်မရှိတော့ပါဘူး။ နောက် admin ဒါမှမဟုတ် group chat က အဖွဲ့ဝင်တယောက်ယောက် က invite မလုပ်ပေးမချင်း ၀င်ပြောလို့ မရတော့ပါဘူး။ command တွေကတော့ အများကြီးပါ။ ဒီထက်သိချင်ရင်တော့ /help လို့ ရိုက်လိုက်ပါ။ ဒါဆိုရင် group chat မှာသုံးလို့ ရတဲ့ command တွေအကုန်ထွက်လာမှာပါ။
ကယ် ကိုယ်တိုင်သာ လေ့လာလိုက်ကြပါတော့ဗျာ။

No comments:

Post a Comment